အမေ့ရှေးစကားဆောင်းပါးများမှ လူထုဒေါ်အမာ၏လေသံ
Abstract
- ဤစာတမ်းသည် မြန်မာစာပေနယ်ပယ် ခေတ်စကားပြေကဏ္ဍတွင်ပါဝင်သော အမေ့ရှေးစကား ဆောင်းပါးများမှ လူထုဒေါ်အမာ၏လေသံကို လေ့လာဖော်ထုတ်ထားသော စာတမ်းဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ စာပေများမှလေသံသည် စာဆို၏စေတနာကို ထင်ဟပ်စေကြောင်း ဖော်ထုတ် တင်ပြလိုခြင်းဖြစ်ပါသည်။ အလေ့လာခံအဖြစ် လူထုဒေါ်အမာ၏ အမေ့ရှေးစကားဆောင်းပါးများ ပထမတွဲမှ ဆောင်ပါး(၆)ပုဒ်ကိုလေ့လာတင်ပြထားပါသည်။ လေ့လာတင်ပြရာတွင် စာပေ ရေးဟန်ဆိုင်ရာနည်းနာများကို အခြေခံ၍ချဉ်းကပ် လေ့လာတင်ပြထားပါသည်။ ဤစာတမ်းတွင် လူထုဒေါ်အမာ၏ လေသံမှတစ်ဆင့် အမျိုးချစ်စိတ်၊ ဇာတိမာန်စိတ်နှင့် စေတနာတိုု့ကို တွေ့ရှိရပါသည်။ ဤစာတမ်းသည် လူထုဒေါ်အမာ၏ စာပေရေးဟန်များကို လေ့လာသူများ အတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Khin Hnin Aung
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)