ဦးမင်းယောင်ဘွဲ့လေးချိုးကဗျာ ဝေဖန်လေ့လာချက်
Abstract
- ဤစာတမ်းတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ "ဦးမင်းယောင်ဘွဲ့" လေးချိုးကဗျာကို စာပေဝေဖန် ရေးရှုထောင့်မှ လေ့လာတင်ပြထားပါသည်။ ဤလေးချိုး ကဗျာတွင်ထင်ဟပ်နေသည့် စာဆို၏ စိတ်နေသဘောထား၊ ခေတ်ကာလစီပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအခြေအနေ၊ သမိုင်းအချက် အလက်များ ထင်ဟပ်နေပုံ၊ ထိုအချက်အလက်များ ပေါ်လွင်အောင် ရေးဖွဲ့ထားပုံတို့ကို စာပေ ဝေဖန်ရေးရှုထောင့်မှ လေ့လာတင်ပြထားပါသည်။ ထို့နောက် "ဦးမင်းယောင်ဘွဲ့" လေးချိုးကဗျာကို ပညာရှင်တို့၏ ဝေဖန်ရေးနည်းနာများနှင့်ချိန်ထိုး၍ လေ့လာတင်ပြသွားပါမည်။ ဝေဖန်ရေးနည်းနာ များအနက်မှ အတွင်းဝေဖန်ရေး (Intrinsic) နှင့်အပြင်ဝေဖန်ရေး (Contextual) ဟူသည့် ဝေဖန်ရေး ရှုထောင့်များမှ လေ့လာတင်ပြသွားမည်ဖြစ်ပါသည်။ ထိုသို့လေ့လာတင်ပြခြင်းဖြင့် ကဗျာဝေဖန်ရေး ဆိုင်ရာ သဘောတရားများကိုသိရှိပြီး စာပေဝေဖန်ရေး ပြုလုပ်လိုသူများအတွက် အထောက်အပံ့ ဖြစ်စေမည်ဟု ယူဆမိပါသည်။
Collections
Download
Year
- 2020
Author
-
Zin Min Oo
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)