မင်းရဲဒိဗ္ဗဧချင်းမှနန်းဓလေ့ယဉ်ကျေးမှုအဖွဲ့များ
Abstract
- ဤစာတမ်းသည် မြန်မာစာပေနယ်ပယ်လာ ရှေးကဗျာကဏ္ဍတွင်ပါဝင်သော တောင်ငူခေတ် စာဆိုရှင် သံခို၏ မင်းရဲဒိဗ္ဗဧချင်းမှ နန်းဓလေ့ထုံးစံယဉ်ကျေးမှုအဖွဲ့များကို လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။ ပဒေသရာဇ်ခေတ်လာ အဆင့်အတန်းမြင့်မားလှသော မြန်မာ့ယဉ်ကျေးမှု နန်းတွင်းအစဉ်အလာများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို သိရှိနိုင်ရန်ရည်ရွယ်၍ တင်ပြထားသောစာတမ်းဖြစ်ပါသည်။ နန်းဓလေ့ ထုံးစံယဉ်ကျေးမှုအဖွဲ့များကို လေ့လာရာတွင် စာဆိုရှင်သံခို၏ မင်းရဲဒိဗ္ဗဧချင်းစာအုပ်ကို အလေ့လာခံ အဖြစ် သတ်မှတ်လေ့လာပါသည်။ စာတမ်းတွင်နန်းတက်ပွဲအခမ်းအနား ကျင်းပပုံ၊ မြို့တည် နန်းတည် ပုံ၊ လက်ဆောင်ဆက်သပုံ၊ ရဲဆုပေးပုံ၊ သာသနာရေးဆောင်ရွက်ပုံ၊ ပုခက်တင်မင်္ဂလာ အခမ်းအနား ကျင်းပပုံများကို လေ့လာတင်ပြထားပါသည်။ စာတမ်းပါတင်ပြချက်များသည် ရှေးမင်းအဆက်ဆက် တို့၏ အခမ်းအနား၊ နန်းတွင်းအမူအရာ၊ နန်းဓလေ့ယဉ်ကျေးမှုများကို ဗဟုသုတဖြစ်ဖွယ် သိရှိနိုင်မည် ဖြစ်ပြီး ဧချင်းလေ့လာသူများအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Thin Thin Maw
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)