ရာသီဘွဲ့လူးတားကဗျာများမှ ဝိသေသများ
Abstract
- ဤစာတမ်းသည် မြန်မာ့ဂန္ထဝင်စာပေလောကမှ ကဗျာကဏ္ဍတွင်ပါဝင်သော "ရာသီဘွဲ့လူးတား ကဗျာများမှ ဝိသေသများလေ့လာချက်" စာတမ်းဖြစ်ပါသည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ရာသီဘွဲ့လူးတားကဗျာများတွင် ဝိသေသများရှိပုံကို ဖော်ပြလိုခြင်းဖြစ်ပါသည်။ ဤစာတမ်းကို လေ့လာရာတွင် ရာသီဘွဲ့လူးတားကဗျာ (၃)ပုဒ်ကို အလေ့လာခံအဖြစ်သတ်မှတ်၍ ထူးခြားသော အကြောင်းအရာကိုပေါ်လွင်စေရန် စီစဉ်တင်ပြမှုကောင်းများက ပံ့ပိုးပေးထားကြောင်း စီစဉ်တင်ပြမှု ဆိုင်ရာနည်းပညာဖြင့် ချဉ်းကပ်လေ့လာမည်ဖြစ်သည်။ ထိုသို့လေ့လာခြင်းဖြင့် အခြားရာသီဘွဲ့ကဗျာ များနှင့်မတူသော အဖွဲ့ခံအကြောင်းအရာနှင့် ထိုအကြောင်းအရာကို သရုပ်ပေါ်အောင် ကူညီပံ့ပိုး ပေးသော စီစဉ်တင်ပြမှုတို့ကိုသိရှိစေပြီး ရှေးကဗျာတို့ကိုလေ့လာလိုသူတို့ အတွက်လည်း အထောက်အကူ ပြုနိုင်ပါသည်။
Collections
Year
- 2020
Author
-
Myint Myint Khaing
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)