ဦးဖိုးကျား၏ ပြုပြင်ရေးဝတ္ထုတိုများမှ စကားပြေရေးဟန်
Abstract
- ဤစာတမ်းသည် ဦးဖိုးကျား၏ ပြုပြင်ရေးဝတ္ထုတိုများမှ စကားပြေရေးဟန်ကို လေ့လာ တင်ပြထား ခြင်းဖြစ်သည်။ ဦးဖိုးကျားသည် အမျိုးသားပညာဝန်အဖြစ် နယ်လှည့်တာဝန် ထမ်းဆောင်ခဲ့ရာမှ ကိုယ်တိုင်မြင်တွေ့ ကြားသိရသော အကြောင်းအရာများကို ကိုယ်တွေ့ဝတ္ထုများအဖြစ် ဖန်တီးရေးသား ခဲ့သည်။ လူငယ်လူရွယ်တို့အား စိတ်ဓာတ်၊ စာရိတ္တဆိုင်ရာ သတိပေးပြုပြင်ပြောင်းလဲစေလိုသော ရည်ရွယ်ချက်နှင့်ရေးသားထားသော ဝတ္ထုတိုများမှ စကားပြေရေးဟန်ကို လေ့လာတင်ပြပါမည်။ ရေးဟန်လေ့လာရာတွင် ရေးဟန် စိစစ်သောအဆင့်များဖြစ်သည့် စကားအသုံးအနှုန်း၊ ဝါကျ၊ စာပိုဒ်၊ စာပုဒ်၊ လေသံစသည့်အဆင့်များဖြင့် လေ့လာတင်ပြသွားပါမည်။ ဦဖိုးကျား၏စကားပြေရေးဟန်ကို ရေးဟန်ပညာရှုထောင့်မှ လေ့လာတင်ပြထားခြင်းဖြစ်သောကြောင့် ရေးဟန်လေ့လာမှုအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Yin Yin Kyu
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)