အင်းဝခေတ်စာဆို ရှင်မဟာရဋ္ဌသာရ၏ အလှဘွဲ့ကဗျာနှစ်ပုဒ် လေ့လာချက်
Abstract
- ဤစာတမ်းသည် အင်းဝခေတ်စာဆို ရှင်မဟာရဋ္ဌသာရ၏ မြတ်မျိုးမြင့်မှန်ချီရတုနှင့် ဝဏ္ဏပဘာချီ ရတုတို့ကို လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါသည်။ စာဆိုရှင်မဟာရဋ္ဌသာရသည် ပုလဲတတန့် သန္တာတတန့်ရေးနည်း၊ တောင့်တဲတွန့်ရတုစပ်နည်းကို အသုံးပြုကာ ပုံသဏ္ဌာန်ပိုင်း ဆန်းသစ်အောင် ရေးဖွဲ့ပုံတို့ကို လေ့လာတင်ပြထားပါသည်။ ပုံသဏ္ဌာန်ပိုင်းကို လေ့လာတင်ပြရာ၌ စကားအသုံးအနှုန်း၊ စကားလုံး ဖွဲ့စည်းတည်ဆောက်မှု၊ အသံကာရန်ယူပုံ၊ စကားလုံးဖွဲ့စည်းရာ၌ အနက်သဘော၊ အသံ သဘောအရ ထူးခြားလေးနက် အောင်ဖန်တီးပုံတို့ကို လေ့လာတင်ပြထားပါသည်။
Collections
Download
Year
- 2020
Author
-
Thida Lwin
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)