ဇော်ဂျီ၏ တိုင်းရေးပြည်မှုဆိုင်ရာ ရသစာတမ်းများမှ အတွေးနှင့်အရေး
Abstract
- ဤစာတမ်းသည် ဇော်ဂျီ၏ရသစာတမ်းများထဲမှ တိုင်းရေးပြည်မှု အတွေးအမြင်ပါဝင်သော ရသ စာတမ်းများကို စာပေရှုထောင့်မှ လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါသည်။ ဇော်ဂျီသည် အတွေးအမြင်ပါပြီးလျှင် ရသပါသော ရသစာတမ်းများကို အများအပြားရေးသားခဲ့ပါသည်။ ထိုရသ စာတမ်းများထဲမှ တိုင်းရေးပြည်မှု အတွေးအမြင်သဘောပါဝင်သော တိုင်းပြည်ပြုလွှတ်တော်နှင့် ကျွန်တော်၊ ပြည်ထောင်စုနှင့်ကျွန်တော် ရသစာတမ်းများကို အလေ့လာခံအဖြစ် ရွေးချယ်ပြီးလျှင် အကြောင်းအရာပိုင်းနှင့် အရေးအသားပိုင်းဟု နှစ်ပိုင်းခွဲခြား လေ့လာတင်ပြသွားမည် ဖြစ်ပါသည်။ အကြောင်းအရာပိုင်းတွင် ဇော်ဂျီ၏အတွေးအမြင်များကို လေ့လာဆန်းစစ်တင်ပြပါမည်။ အရေးအသား ပိုင်းတွင်မူ ဇော်ဂျီ၏စကားပြေရေးဟန်ကို လေ့လာတင်ပြရာတွင် စကားအသုံးအနှုန်း၊ ဝါကျဖွဲ့ပုံ၊ အလင်္ကာအသုံးတို့ကို ဆန်းစစ်တင်ပြသွားမည်ဖြစ်ပါသည်။ ရသစာတမ်းလေ့လာ သူတို့အတွက် အထောက်ပြုမည်ဟု ယုံကြည်ပါသည်။
Collections
Download
Year
- 2020
Author
-
Thit Thit Lwin
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)