ပျားရည်အိုင်ဝတ္ထုမှမြိုင်၏ ဇာတ်ဆောင်စရိုက်ဖန်တီးပုံ
Abstract
- ဤစာတမ်းသည် ခင်နှင်းယု၏ ပျားရည်အိုင်ဝတ္ထုမှ အဓိက ဇာတ်ဆောင်မြိုင်၏ ဇာတ်ဆောင်စရိုက်ကို လေ့လာထား သော စာတမ်းဖြစ်သည်။ ဇာတ်ဆောင်စရိုက်ကို ဖန်တီးရာတွင် ဇာတ်ဆောင်အချင်းချင်း ပြောစကားများ၊ ဇာတ်ဆောင် ကိုယ်တိုင်၏ ကံသုံးပါး အမူအရာများ၊ အခြားဇာတ်ဆောင်များ၏ ထိုဇာတ်ဆောင်အပေါ် သဘောထားမှတ်ချက်များဖြင့် ရသမြောက်အောင် ဖန်တီးထားသည်။ ပျားရည် သည်တစ်ဇွန်းချင်း သောက်လျှင်ဆေးဖြစ်သော်လည်း၊ ပျားရည်အိုင်ထဲ နစ်သွားလျှင် ရုန်းမထွက်နိုင်ဘဲ သေနိုင်သောသဘောကို ဇာတ်ဆောင်၏ ကာမဂုဏ်အာရုံများကို အလွန်အမင်းတပ်မက်မှုတွင် တင်စား ဖန်တီးထားသည်။ ဇာတ်လမ်း၏ ဦးတည်ချက်ကို ဇာတ်ဆောင်စရိုက်က အထောက်အပံ့ ပေးနိုင်ရုံမက ဘဝအသိ၊ ဘဝသင်ခန်းစာများကို ပေးနိုင်ကြောင်း လေ့လာသုံးသပ်ထားသည်။
Collections
Download
Year
- 2020
Author
-
Mya Mya Soe
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)