လီဆူတိုင်းရင်းသားတို့၏စကားပုံများလေ့လာချက်
Abstract
- ဤစာတမ်းသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် နေထိုင်ကြသော လီဆူတိုင်းရင်းသားတို့၏ စကားပုံများ ကို သုတေသနပြုထားသောစာတမ်းဖြစ်ပါသည်။ စကားပုံများသည် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုနှင့် အတူ စာပေအဆင့်အတန်းကိုပါ ညွှန်ပြနေပါသည်။ လီဆူတိုင်းရင်းသားတို့၏ နေ့စဉ်သုံးစကားများ တွင် စကားပုံများကို ထည့်သွင်းပြောဆိုလေ့ရှိကြောင်းသုတေသန ကွင်းဆင်းချက်အရသိရှိရသဖြင့် လီဆူတိုင်းရင်းသားတို့၏စကားပုံများကို သုတေသနစာတမ်းတစ်စောင်အဖြစ် တင်ပြထားခြင်းဖြစ်ပါ သည်။ သုတေသနပြုရာတွင်လည်း ကွင်းဆင်းလေ့လာမှု၊ ဆွေးနွေးမေးမြန်းမှု၊ အသံသွင်းယူမှုစသည် ဖြင့် သုတေသနဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပြီးအချက်အလက်များကို စုဆောင်းခဲ့ပါသည်။ လီဆူ စကားပုံများကိုလေ့လာရာတွင် မြန်မာစာအဖွဲ့မှထုတ်ဝေထားသော မြန်မာစကားပုံစာအုပ်နှင့် ကွင်းဆင်းသုတေသနမှတ်တမ်းများကို အလေ့လာခံအဖြစ်ထားရှိ၍ လေ့လာထားခြင်းဖြစ်ပါသည်။ ဤသို့လေ့လာခြင်းဖြင့် လီဆူတိုင်းရင်းသားတို့၏စာပေကို သုတေသနပြုလိုသော သုတေသီများ ပေါ်ထွက်လာစေရန်နှင့် လီဆူတိုင်းရင်းသားတို့၏စာပေအဆင့်အတန်းကို သိရှိစေရန်ရည်ရွယ်ပါသည်။
Collections
Download
Year
- 2020
Author
-
Hlaing May Aye
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)