ဘုတလင်ချစ်လေး၏ မြကြေးမုံ ကဗျာများမှ ခေတ်ကိုထင်ဟပ်စေသော ကဗျာများလေ့လာချက်
Abstract
- ဤစာတမ်းသည် မြန်မာစာပေနယ် ခေတ်ကဗျာကဏ္ဍလာ ဘုတလင်ချစ်လေး၏ မြကြေးမုံကဗျာများမှ ခေတ်ကိုထင်ဟပ်စေသောကဗျာများကို လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါသည်။ လေ့လာ တင်ပြရာတွင် (၁၉၆၇)ခုနှစ်ထုတ် မန္တလေးမြို့ယုဝရောင်စုံပုံနှိပ် တိုက်ကထုတ်ဝေသော ဘုတလင် ချစ်လေး၏ မြကြေးမုံကဗျာများကို အလေ့လာခံအဖြစ်ထားရှိပြီး ခေတ်ကဗျာလေ့လာမှုဆိုင်ရာ နည်းစနစ်များဖြင့် ချဉ်းကပ်လေ့လာ တင်ပြထားပါသည်။ ဤစာတမ်းကိုလေ့လာရသော ရည်ရွယ် ချက်မှာ စာဆို၏တိုင်းပြည်အပေါ် ချစ်ခင်မြတ်နိုးတန်ဖိုးထားသော စိတ်စေတနာနှင့် ဆိုရှယ်လစ်ခေတ် ပြောင်းကာလ၏ ခေတ်အခြေအနေကို ဖော်ထုတ်တင်ပြလိုခြင်းဖြစ်ပါသည်။ ဤစာတမ်းတွင် အခန်း(၁) ဘုတလင်ချစ်လေး၏ အတ္ထုပ္ပတ္တိအကျဉ်း၊ အခန်း(၂)ကဗျာဟူသည်နှင့်အခန်း(၃) ဘုတလင်ချစ်လေး၏ မြကြေးမုံကဗျာများမှ ခေတ်ကိုထင်ဟပ်စေသော ကဗျာများလေ့လာချက်ဟု အခန်းငယ်များခွဲ၍ လေ့လာတင်ပြထားပါသည်။ ဤစာတမ်းသည် ဘုတလင်ချစ်လေး၏ကဗျာများကို လေ့လာသူတို့ အတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။
Collections
Download
Year
- 2020
Author
-
Win Mar Htay
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)