မင်းသုဝဏ်၏ ကျေးလက်ကဗျာများမှ ဓလေ့စရိုက်သဘာဝ အဖွဲ့ကောင်းများ လေ့လာချက်
Abstract
- ဤစာတမ်းသည် မြန်မာစာပေနယ်ပယ်၊ ခေတ်ကဗျာကဏ္ဍလာ ]]မင်းသုဝဏ်၏ ကျေးလက်ကဗျာများမှ ဓလေ့စရိုက်သဘာဝအဖွဲ့ကောင်းများ}}ကို လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါသည်။ လေ့လာရာ တွင် မြန်မာစာပေနယ်ပယ်၊ ခေတ်ကဗျာဆိုင်ရာ သဘောတရားနည်းနာများကို အခြေခံ၍ မင်းသုဝဏ် ၏ကဗျာပေါင်းချုပ်မှ မြန်မာ့ကျေးလက်ကဗျာများကို အလေ့လာခံအဖြစ် သတ်မှတ်လေ့လာ တင်ပြပါသည်။ ဤစာတမ်းကို လေ့လာရသော ရည်ရွယ်ချက်မှာ ဆရာမင်းသုဝဏ်၏ကျေးလက်အပေါ် ထားရှိသော စေတနာနှင့် မြန်မာ့ကျေးလက်၏ဓလေ့စရိုက်သဘာဝတို့ကို ဖော်ထုတ်တင်ပြလိုခြင်း ဖြစ်ပါသည်။ ဤစာတမ်းတွင် အခန်း(၁) မင်းသုဝဏ်၏ အတ္ထုပ္ပတ္တိအကျဉ်း၊ အခန်း(၂)ဓလေ့စရိုက် သဘာဝ၊ အခန်း(၃) မင်းသုဝဏ်၏ ကျေးလက်ကဗျာများမှ ဓလေ့စရိုက်သဘာဝ အဖွဲ့ ကောင်းများကို အခန်းငယ်များခွဲကာ လေ့လာတင်ပြထားပါသည်။ ဤစာတမ်းသည်ဆရာ မင်းသုဝဏ်၏ ကျေးလက် ကဗျာများကို လေ့လာသူတို့အတွက် အထောက်အကူ ဖြစ်စေနိုင်ပါသည်။
Collections
Download
Year
- 2020
Author
-
Thet Hnin Aye
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)