မိုးမိုး(အင်းလျား)၏ဝတ္ထုတို (၃)ပုဒ်မှ ဘဝသရုပ်ဖော်အဖွဲ့များ လေ့လာချက်
Abstract
- ဤစာတမ်းသည် မြန်မာစာပေလောက၏ မြန်မာဝတ္ထုတိုကဏ္ဍမှ မိုးမိုး(အင်းလျား)၏ ဝတ္ထုတို(၃) ပုဒ်တွင် တွေ့ရသော ဘဝသရုပ်ဖော်အဖွဲ့များကို လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါသည်။ လေ့လာရာတွင် မြန်မာစာပေ ဆိုင်ရာ ဝတ္ထုတိုသဘောတရားနည်းနာများကို အခြေခံ၍ "အိမ်နီးချင်း"၊ ]]စစ်သားမယား}}၊ ]]ဘဝအမှောင်}}ဝတ္ထုတိုများကို အလေ့လာခံအဖြစ် သတ်မှတ်ပါသည်။ ဤစာတမ်း လေ့လာရသော ရည်ရွယ်ချက်မှာ မိုးမိုး(အင်းလျား)၏ မြန်မာအမျိုးသမီးများအပေါ် ထားရှိသည့် စေတနာနှင့် ဘဝသရုပ်ဖော် အရေးအဖွဲ့တို့ကိုတင်ပြလိုခြင်း ဖြစ်ပါသည်။ ဤစာတမ်းတွင် အခန်း(၁) မိုးမိုး (အင်းလျား)၏ အတ္ထုပ္ပတ္တိအကျဉ်း၊ အခန်း(၂)ဘဝသရုပ်ဖော်အဖွဲ့၏ အဓိပ္ပာယ်နှင့် သဘော သဘာဝ၊ အခန်း(၃) မိုးမိုး(အင်းလျား)၏ ဝတ္ထုတို(၃)ပုဒ်မှ ဘဝသရုပ်ဖော်အဖွဲ့များ လေ့လာချက် ဟူ၍တင်ပြထားပါသည်။ ဤစာတမ်းသည် ဝတ္ထုတိုများမှ ဘဝသရုပ်ဖော်အဖွဲ့ လေ့လာလိုသူ၏တို့ အတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။
Collections
Download
Year
- 2020
Author
-
Aung Mar Oo
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)