ဇော်ဂျီကဗျာပေါင်းချုပ်မှ စာဆို၏ နှစ်ဖက်လှအဖွဲ့စွမ်းရည်
Abstract
- ဤစာတမ်းသည် မြန်မာစာပေနယ်ပယ် ခေတ်ကဗျာဏ္ဍ၌ပါဝင်သည့် ဇော်ဂျီကဗျာ ပေါင်းချုပ်မှ စာဆို၏နှစ်ဖက်လှအဖွဲ့များကို ဆန်းစစ်လေ့လာထားပါသည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ဆရာ ဇော်ဂျီ၏ အသိအမြင်နှင့်အတွေးတို့ ပူးတွဲပါဝင်နေသော နှစ်ဖက်လှ အဖွဲ့များကို ဖော်ထုတ်တင်ပြ နိုင်ရန်ဖြစ်ပါသည်။ ဤစာတမ်းအတွက် အလေ့လာခံ စာအုပ်မှာ ၂၀၁၂ ခုနှစ်ထုတ် ဇော်ဂျီကဗျာ ပေါင်းချုပ် စာအုပ်ဖြစ်ပါသည်။ ဤစာတမ်း၌ ဆရာဇော်ဂျီ၏ အတ္ထုပ္ပတ္တိအကျဉ်း၊ နှစ်ဖက်လှအဖွဲ့၏ သဘောသဘာဝနှင့် ဆရာဇော်ဂျီ၏ နှစ်ဖက်လှအဖွဲ့စွမ်းရည်ဟူသော ခေါင်းစဉ်တို့ဖြင့် တင်ပြထားပါ သည်။ ဆရာဇော်ဂျီ၏ ကဗျာများမှအချို့သော လောကသဘာဝအဖွဲ့ တစ်ခုတစ်ခုစီတွင် လူ့သဘော သဘာဝ၊ လူ့ဘဝအားမာန်၊ လောကဓံတရား စသည်တို့သည် တစ်ခုမဟုတ်တစ်ခု ထပ်ဆင့်ထင်ဟပ်၍ နှစ်ဖက်လှနေပါသည်။ ထိုနှစ်ဖက်လှအဖွဲ့များကို ရွေးချယ်၍ အလှတစ်မျက်နှာချင်းစီကို စိစစ်ပြကာ စာဆို၏အဖွဲ့စွမ်းရည်ကို သုံးသပ်ပြထားပါသည်။ ထို့ကြောင့်ဆရာဇော်ဂျီ၏ အတွေးကောင်းမှု၊ အမြင် စူးရှမှုနှင့် အရေးအဖွဲ့စွမ်းရည် ထက်မြက်မှုတို့ကို သိမြင်နိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Aye Win
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)