ဥပစာစကားအလှ စာအလှများကို အသုံးပြု၍ အပြောစွမ်းရည်မြှင့်တင်ပေးခြင်း
Abstract
- ဘာသာစကားအသုံးပြုမှုနယ်ပယ်တွင် ဥပစာ၏နေရာသည် ကျယ်ပြန့်သည်။ နေ့စဉ်ပြောသောစကား၊ ကြားသောစကား၊ ရေးသောစာ၊ ဖတ်သောစာတို့သည် ဥပစာနှင့်ကင်းခဲ့သည်။ ဆိုလိုသည့် အဓိပ္ပာယ်ပေါ်လွင် ထိရောက်စေလိုလျှင် အပြောအဆိုအရေးအသား နှစ်ရပ်လုံးတွင် ဥပစာစကားများကို သုံးဖြစ်သွားတတ်ကြသည်။ ထိုသို့အရေးပါသဖြင့် ဘာသာစာပေသင်ရိုးများတွင် ဥပမာအလင်္ကာ၊ ရူပကအလင်္ကာစသည့် ဥပစာစကားများကို ပို့ချပေးသည်မှာ အထင်အရှားဖြစ်သည်။ ဥပစာစကားများ ကိုသုံးတတ် ကိုယ်တိုင်ဖန်တီးတတ်သည့် အဆင့်အထိတိုးမြှင့်သင်ပေးနိုင်လျှင် စာသင်သားတို့ အပြောအဆိုအရေးအသား စွမ်းရည်မြင့်တက်လာမည်ကို အခိုင်အမာယုံကြည်သည်။ ထို့ကြောင့် ဤ စာတမ်းတွင် အရှေ့နိုင်ငံနှင့်အနောက်နိုင်ငံမှ အလင်္ကာကျမ်းများတွင် ဖော်ပြထားသည့် ဥပစာစကား များ အနက်အချို့၏ သဘောသဘာဝကိုရှင်းပြမည်။ အလားတူ ဥပစာစကားမျိုးကို စာသင်သားများ ကိုယ်တိုင်ဖန်တီးသုံးနှုန်းတတ်လာအောင် သင့်လျော်သော သင်ခန်းစာများမည်သို့ဖွဲ့စည်း လေ့ကျင့်ပေး နိုင်သည်ကို သုတေသနပြုသွားမည်ဖြစ်သည်။ စာသင်သားတို့အပြောအဆို၊ အရေးအသား စွမ်းရည် တိုးတက်ရေးတွင် ဥပစာကို လက်တွေ့အသုံးပြု တတ်သွားရန်ရည်ရွယ်ပါသည်။
Collections
Download
Year
- 2020
Author
-
Min Min Moe
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)