မြန်မာစကား အသုံးအနှုန်းအယူအဆကွဲပြားမှု လေ့လာချက်
Abstract
- ဤစာတမ်းသည် မြန်မာဘာသာစကားရှိ စကားပုံများ၊ ဆိုရိုးများ၊ ဓလေ့သုံးစကားများ၊ နေ့စဉ်သုံး စကားများနှင့်ပတ်သတ်၍ မြန်မာဘာသာစကား လေ့လာသူတစ်ဦးနှင့်တစ်ဦး အမြင်မတူညီပုံကို ဆန်းစစ်တင်ပြထားသော စာတမ်းဖြစ်ပါသည်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း၊ တစ်ဦးကောင်းတစ်ပညာဆိုသကဲ့သို့ ဘာသာစကား ဝေါဟာရတစ်ခု၏ ဝေါဟာရအနက်ကို ကြံဆကြ ရာတွင် ကွဲပြားမှုရှိတတ်ကြောင်းကို ဤစာတမ်းဖြင့် ဖော်ထုတ်တင်ပြထားပါသည်။ ဤသို့ တင်ပြရာ တွင် ကာလရွေ့လျားကြာရှည်မှုကြောင့် အယူအဆကွဲပြားသွားခြင်း၊ ရှေးပညာရှင်တို့၏ မူလအနက်ကို ခက်ခဲစွာဖော်ထုတ်ရသဖြင့် ကွဲပြားသွားခြင်း၊ ပညာရှင်အချင်းချင်း အမြင်မတူညီသဖြင့် ကွဲပြားသွား ခြင်းတို့ကို ဖော်ထုတ်တင်ပြထားပါသည်။ ဤသို့လေ့လာတင်ပြခြင်းဖြင့် မြန်မာဘာသာစကား ဝေါဟာရ၊ ရင်းမြစ်၊ ကြံဆလေ့လာမှုအတွက် အထောက်အကူပြုမည်ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Mya Thida Win
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)