နတ်ရှင်နောင်ရတုကဗျာများမှ ခွဲထားများနှင့် အတ္ထဗေဒအမြင်
Abstract
- ဤစာတမ်းသည် နတ်ရှင်နောင်၏ရတုကဗျာများမှ ခွဲထားများနှင့် အတ္ထဗေဒအမြင်ကို လေ့လာတင်ပြ ထားခြင်း ဖြစ်ပါသည်။ နတ်ရှင်နောင်၏ရတုများတွင် ခွဲထားစကားလုံး တစ်လုံးချင်းကို ရှေ့နောက် စကားအဆက်အစပ်ဖြင့် စာလုံးပေါင်းသတ်ပုံ ကွဲပြားအောင် ပြုလုပ်ပေးနိုင်ရုံသာမက အနက်အဓိပ္ပာယ် ကြံဆဖော်ထုတ်နိုင်သည်ကို သိရှိစေလိုသော ရည်ရွယ်ချက်ဖြစ်ပါသည်။ ဤစာတမ်းကို ဆရာကြီး ဦးချမ်းမြ(မြကေတု)တည်းဖြတ်သည့် နတ်ရှင်နောင်ဆိုရတုများစာအုပ်ကို အလေ့လာခံအဖြစ် တင်ပြ ထားပါသည်။ ခွဲထားများကို အနက်အဓိပ္ပာယ်(၇)မျိုးဖြင့် လေ့လာတင်ပြထားပါသည်။ ခွဲထား စကားလုံးများဖြင့် စာလုံးပေါင်းသတ်ပုံကွဲပြားအောင် (ပညတ်အနက်)ဖြင့် ခွဲခြားနိုင်သကဲ့သို့ စာဆို၏ ခံစားချက်ပေါ်လွင်အောင် (ဂယက်အနက်)ဖြင့် ရေးဖွဲ့ထားသည်ကို တွေ့ရပါသည်။ ရေထုံး ကွဲပြား ခြားနားသော ခွဲထားစကားလုံးများ၏ အနက်အဓိပ္ပာယ်ကွဲပြားမှုကို တွေ့ရပါသည်။ သတ်ပုံရေးထုံးနှင့် ဝေါဟာရလေ့လာသူတို့အတွက် အထောက်အကူ ဖြစ်စေပါသည်။
Collections
Download
Year
- 2020
Author
-
Khin Sandar Toe
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)