ပေါရာဏနှင့် မြန်မာဒေသိယစကား
Abstract
- ဤစာတမ်းသည် မြန်မာဒေသိယစကားများရှိ ပေါရာဏစကားများအကြောင်း လေ့လာထားသော စာတမ်း ဖြစ်သည်။ ဒေသိယစကားများတွင် ပေါရာဏစကား (ရှေးသုံးစကား) သုံးနေဆဲဖြစ်ကြောင်း သိရှိနိုင်ရန်နှင့် ဒေသိယစကားများ မပျောက်ပျက်အောင် ထိန်းသိမ်းရန်ရည်ရွယ်ပါသည်။ မြန်မာ ဒေသိယစကားများမှ တောင်ရိုး၊ ဓနု၊ အင်းသားဒေသိယစကားများရှိ ပေါရာဏစကားများကိုသာ လေ့လာထားခြင်းဖြစ်သည်။ ပေါရာဏစကား သတ်မှတ်ရာတွင် မှော်ပီဆရာသိန်း၏ ပေါရာဏဒီပနီ ကျမ်းနှင့် ဦးသာမြတ်၏ ပေါရာဏစကားအဘိဓါန်ကို အခြေခံ၍လေ့လာပါသည်။ ထိုသို့လေ့လာရာ၌ ပျို့ကဗျာများတွင်တွေ့ရသော ပေါရာဏစကားနှင့် မြန်မာဒေသိယစကားများရှိ ဒေသိယအသုံးတို့ကို နှိုင်းယှဉ်တင်ပြထားပါသည်။
Collections
Year
- 2020
Author
-
Myint Myint Khaing
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)