မြန်မာဘာသာစကားကို စကားစဉ်ပုံစံဘာသာစကားအဖြစ် ရှုမြင်သုံးသပ်ခြင်း
Abstract
- ခေတ်အဆက်ဆက်တွင် မြန်မာသဒ္ဒါကိုပညာရှင် အသီးသီးက နည်းအမျိုးမျိုးဖြင့် ရေးသားပြုစုခဲ့ကြ ပါသည်။ အချို့ကအင်္ဂလိပ်ဘာသာအခြေခံ အမြင်ဖြင့်ရေးသားခဲ့ကြသည်။ ယနေ့ခေတ်သစ် ဘာသာ ဗေဒအမြင်ဖြင့် မြန်မာဘာသာစကား၏ ဖွဲ့စည်းတည်ဆောက်ပုံကို သိပ္ပံနည်းကျကျ စိစစ်ကြည့် သောအခါတွင် မြန်မာဘာသာစကား၏သဒ္ဒါသည် အင်္ဂလိပ်ဘာသာစကား၊ ပါဠိဘာသာစကားတို့ ၏သဒ္ဒါနှင့်လုံးဝမတူညီဘဲ ကွဲပြားခြားနားလျက် ရှိနေကြောင်း ထင်ထင်ရှားရှားသိလာရပြီဖြစ်ပါ သည်။ မြန်မာသဒ္ဒါသည် အင်္ဂလိပ်သဒ္ဒါ၊ ပါဠိသဒ္ဒါတို့ကဲ့သို့ ပုံစံပုံသေဘာသာစကားမဟုတ်ဘဲ ပုံစံ အရှင်ဘာသာစကားတစ်ခု ဖြစ်နေပါသည်။ တိတိကျကျဆိုရလျှင် ဝါကျအဆင့်ထက်ပို၍လည်းကြီး၍ ပို၍လည်းကျယ်ပြန့်သော အဆက်အစပ်တို့ကို အခြေခံ၍ဝါကျဖွဲ့စည်းယူသော စကားစဉ်ပုံစံ ဘာသာစကားတစ်ခုဖြစ်နေကြောင်း ဘာသာဗေဒပညာရှင်တို့ တွေ့ရှိလာရပြီဖြစ်ပါသည်။ ဤစာတမ်း တွင် မြန်မာဘာသာ စကားကို စကားစဉ်ပုံစံဘာသာစကားတစ်ခုအဖြစ် ရှုမြင်သုံးသပ်တင်ပြ ထားပါသည်။
Collections
Download
Year
- 2020
Author
-
Tun Aung Kyaw
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)