မတ်ဝမ်ဘာသာစကားတွင် တွေ့ရသော မွေးစားစကားလုံးများ
Abstract
- ဤစာတမ်းသည် မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နေထိုင်ကြသော ရဝမ် မျိုးနွယ်စုဝင် မတ်ဝမ်လူမျိုးတို့၏ ဘာသာစကားရှှိ မွေးစားစကားလုံးများအကြောင်းကို သုတေသန ပြုထားသော စာတမ်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားတို့၏ ဘာသာစကားချင်း ကူးလူးဆက်နွယ်မှုကို မှတ်တမ်းတင်ဖော်ပြလိုသော ရည်ရွယ်ချက်ဖြင့် လေ့လာထားပါသည်။ မတ်ဝမ် ဘာသာစကားနှင့်ပတ်သက်၍ သုတေသနပြုလုပ်ထားသော စာတစ်စောင်ပေတစ်ချပ်မျှမရှိသေးပါ။ ဤ စာတမ်းကိုလေ့လာရာတွင် မတ်ဝမ်ဘာသာစကားကို အလေ့လာခံအဖြစ် သတ်မှတ်ကာမွေးစားစကား လုံးဆိုင်ရာ နည်းနာများဖြင့် ချဉ်းကပ်တင်ပြထားပါသည်။ မတ်ဝမ်ဘာသာစကားရှိ စကားလုံးများ ကိုလေ့လာကြည့်ပါက ဂျိန်ဖော့ဘာသာစကား၊ မြန်မာဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားတို့မှ စကား လုံးများကို ယူငင်မွေးစားထားကြောင်း တွေ့ရှိရပါသည်။ ဤစာတမ်းသည် မတ်ဝမ်ဘာသာစကားမှ မွေးစားစကားလုံး လေ့လာလိုသူများအတွက် အထောက်အကူ ပြုနိုင်ပါသည်။
Collections
Download
Year
- 2020
Author
-
Luu Taung
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)