မြန်မာနှင့်မွန် မျိုးပြစကားလုံးများနှိုင်းယှဉ်လေ့လာချက်
Abstract
- ဤစာတမ်းတွင် မြန်မာနှင့်မွန်တိုင်းရင်းသားတို့၏ မျိုးပြစကားလုံးများကို နှိုင်းယှဉ်လေ့လာတင်ပြ ထားသော စာတမ်းဖြစ်ပါသည်။ ထိုသို့လေ့လာတင်ပြရာတွင် မြန်မာနှင့်မွန်တိုင်းရင်းသားတို့၏ မျိုးပြ စကားလုံး ဖန်တီးအသုံးပြုမှုနှင့် မျိုးပြစကားလုံးရွေးချယ်အသုံးပြုပုံများကို အနှိုင်းဘာသာဗေဒ ရှုထောင့်မှ နှိုင်းယှဉ်လေ့လာဖော်ထုတ်ထားခြင်း ဖြစ်ပါသည်။ မြန်မာဘာသာစကားရှိ မျိုးပြစကားလုံး များနှင့် မွန်ဘာသာစကားရှိ မျိုးပြစကားလုံးများကို အလေ့လာခံအဖြစ် ရွေးချယ်ထားပါသည်။ မြန်မာ နှင့် မွန်တိုင်းရင်းသားတို့သည် မိမိတို့၏လူမှုကိစ္စရပ် အမျိုးမျိုးအတွက် မျိုးပြစကားလုံးများ မည်သို့ ရွေးချယ်အသုံးပြုပုံကို ဖော်ထုတ်တင်ပြလိုသော ရည်ရွယ်ချက်ဖြင့် လေ့လာတင်ပြထားခြင်း ဖြစ်ပါ သည်။ ဤစာတမ်းမှတစ်ဆင့် မျက်မှောက်ခေတ်တွင် ပြောဆိုရေးသားနေကြသော မြန်မာနှင့် မွန် တိုင်းရင်းသားတို့၏ မျိုးပြစကားလုံးအသုံးပြုပုံများမှ တူညီမှု၊ ကွဲပြားမှုများကို ဖော်ထုတ်သိရှိနိုုင်ပြီး မြန်မာနှင့် မွန်တိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေကိုနှိုင်းယှဉ်လေ့လာ လိုသူများအတွက် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မိပါသည်။
Collections
Download
Year
- 2020
Author
-
Mi Nwe Than
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)