မြန်မာဘာသာစကားရှိ ကြိယာရှေ့ထောက်ပစ္စည်းများ
Abstract
- ဤစာတမ်းသည် မြန်မာဘာသာစကားရှိ ကြိယာရှေ့ထောက်ပစ္စည်းများကို ဘာသာစကားရှုထောင့်က သုတေသနပြုထားသော စာတမ်းဖြစ်ပါသည်။ ဘာသာစကားတစ်ခုအတွင်းရှိ ကြိယာတို့ကို ကောင်းစွာ သိနိုင်သော်လည်း ယင်းကြိယာတို့နှင့် ယှဉ်တွဲအသုံးပြုသော ကြိယာပစ္စည်းများကိုမူ လူအများ မသိနိုင်ပေ။ ထိုထက်ပိုပြီး လူသိနည်းလွန်းသော ကြိယာပစ္စည်းတစ်မျိုးမှာ ကြိယာရှေ့ထောက် ပစ္စည်း ဖြစ်ပါသည်။ ထို့ကြောင့် လူအများသတိမထားမိသော ကြိယာရှေ့ထောက်ပစ္စည်းများကို အဓိက ပြဿနာတစ်ရပ်အဖြစ် ဖော်ထုတ်ဖြေရှင်းနိုင်ရန် ဘာသာစကားရှုထောင့်မှ စနစ်တကျ သုတေသန ပြုခြင်းဖြစ်ပါသည်။ သုတေသနပြဿနာကို အဖြေရှာရာတွင် စနစ်တကျပြုစုထားသော သုတေသန များမှ အချက်အလက်များအပေါ် အခြေခံလျက်ရှိပြီးသား အချက်အလက်များအပေါ် အခြေပြု လေ့လာနည်းကို အသုံးပြုသည်။ ဤသို့သုတေသနပြုခြင်းဖြင့် မြန်မာဘာသာစကားကို သုတေသန ပြုလိုသော သုတေသီများထွက်ပေါ်လာမှု၊ ဘာသာစကားကို မှန်ကန်ထိရောက်စွာ လက်တွေ့အသုံးချ နိုင်မှုနှင့် ဘာသာစကားအကျိုးဖြစ်ထွန်းမှု စသည့်အကျိုးရလာဒ်တို့ကို ရရှိစေမည်ဖြစ်သည်။
Collections
Download
Year
- 2020
Author
-
War War Lwin
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)