ဒဂုန်တာရာ၏ ]]အလှဗေဒ}} မှစာပေဝေဖန်ရေးအမြင်
Abstract
- ဤစာတမ်းသည် ဒဂုန်တာရာ၏ ]]အလှဗေဒ}}မှ စာပေဝေဖန်ရေး အမြင်များကို လေ့လာ တင်ပြထားသောစာတမ်းဖြစ်ပါသည်။ ထိုသို့ လေ့လာရာတွင် အလှဗေဒမှ စာပေဝေဖန်ရေး ခေါင်းစဉ်အောက်တွင်ပါဝင်သော သဘောတရား ရေးရာ စာများကို အလေ့လာခံအဖြစ် သတ်မှတ်ပါသည်။ ဤစာတမ်းတွင် ဒဂုန်တာရာ၏ ဖြတ်သန်းခဲ့သော သမိုင်းတစ်လျှောက် အတွေ့အကြုံများက အလှဗေဒသဘောတရားများကို ဖွဲ့စည်းရာတွင် သြဇာသက်ရောက် မှုရှိခဲ့ပုံ၊ စာပေဝေဖန်ရေးပညာရပ်တွင် အနုပညာခံစားမှု၊ စစ်ဆေးခွဲခြမ်း စိတ်ဖြာခြင်း သိပ္ပံသဘောနှင့် အတွေးအခေါ် အဘိဓမ္မာသဘောများ ပါဝင်ဖွဲ့စည်းထားပုံ တို့ကို လေ့လာတင်ပြ ထားပါသည်။ စာပေဝေဖန်ရေးကို စိတ်ဝင်စားသူများ သည် ]]အလှဗေဒ}}ကို လေ့လာခြင်းဖြင့် ဝေဖန်ရေးဆိုင်ရာ အကြောင်းအရာ များကို ကောင်းစွာသိရှိစေရန် ရည်ရွယ်ပါသည်။
Collections
Download
Year
- 2018
Author
-
Dr Thu Zar Aye
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)