မဟာပညာကျော်လျှောက်ထုံးလေ့လာချက်
Abstract
- ဤစာတမ်းသည် မြန်မာစာပေလောကတွင် တစ်ခန်းတစ်ကဏ္ဍအဖြစ် ရပ်တည်ခဲ့သော ရခိုင်ဘုရင် မင်းဗားကြီး၊ သားတော် မင်းဖလောင်း၊ မြေးတော် မင်းရာဇာ စသော မင်းသုံးဆက်တွင် ပညာရှိ အမတ်ကြီးအဖြစ် ခစားထမ်းရွက် ခဲ့သော မဟာပညာကျော်အမတ်ကြီး၏ လျှောက်ထားချက်များ ကိုလေ့လာ တင်ပြထားသော စာတမ်းဖြစ်ပါသည်။ မဟာပညာကျော် လျှောက်ထုံးကျမ်း ထဲမှမင်း၏ သားတော်လတ် သံတောင်စား အပြစ်ကျူးလွန်ရာတွင် တင်လျှေက် သော လျှောက်ထုံး၊ အကျင့်ပျက်သော တန်ဆောင်း မိဖုရားအရေးတွင် မင်းအား ညွှန်ပြသော လျှောက်ထုံး၊ ငယ်ကျွန်ငလုံးတင် အမ်းမြို့စားအရာ တောင်းရာ၌ လျှောက်တင်သော လျှောက်ထုံးများကို ထုတ်နုတ်၍ အကြောင်းအရာပိုင်းနှင့် အရေးအသားပိုင်းဟူ၍ ခွဲခြား လေ့လာ တင်ပြထားပါသည်။ မဟာပညာကျော် လျှောက်ထုံးနှင့် နှိုင်းယှဉ်သိရှိ နိုင်ရန် အခန်း (၁)တွင် လျှောက်ထုံး စကားပြေ များအကြောင်းကို ရှေးဦးစွာ တင်ပြထားပါသည်။
Collections
Download
Year
- 2018
Author
-
Thida Lwin
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)