မြန်မာကဗျာများမှ ခေတ်ကာလစံသွေမှု
Abstract
- ဤစာတမ်းသည် မြန်မာကဗျာများ၌ တွေ့ရှိရသော ခေတ်ကာလ သွေဖည်မှုများကို လေ့လာ တင်ပြထားသော စာတမ်းဖြစ်ပါသည်။ မြန်မာ စာပေ၌ စကားပြေနှင့်ကဗျာဟူ၍ ကဏ္ဍနှစ်ရပ်ရှိပေရာ ကဗျာသည် စကားပြေ ထက် လွတ်လပ်စွာ ရေးဖွဲ့နိုင်ခွင့်ရှိသော်လည်း ဖွဲ့ထုံးစပ်နည်းအရ ကဗျာသည် စကားပြေထက် စည်းမျဉ်း စည်းကမ်း ပိုများသည်ကို တွေ့ရသည်။ ကာရန် စည်းကမ်း အသံစည်းကမ်းများ၏ တင်းကြပ်မှုကို ဖြေလျော့နိုင်စေရန်အတွက် စာဆိုတို့သည် အခွင့်ထူးတစ်ရပ်ယူကာ ကဗျာကို စပ်ဆိုခဲ့ကြသည်။ ထိုသို့ စပ်ဆိုရာမှတစ်ဆင့် ကဗျာတွင် ခေတ်ကာလသွေဖည်မှုများဖြစ်ပေါ်လာခဲ့သည်။ ဤသို့ လေ့လာတင်ပြခြင်းဖြင့် ပါရာဏစကားလုံး ပါဋ္ဌိသက် စကားလုံးများ သည် ကဗျာ၏ ကာရန်ကိုလည်းကောင်း၊ အနက်အဓိပ္ပာယ်ကိုလည်းကောင်း ထောက်ပံ့ပေးနိုင်သည်ကို တွေ့ရှိရပါသည်။
Collections
Download
Year
- 2018
Author
-
Khin Wint Nwe
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)