ရတနာပုံဆရာဥ၏ မင်းကုသကွက်စိပ်အပြောက်အမွမ်း
Abstract
- ဤစာတမ်းသည် ရတနာပုံဆရာဥ၏ မင်းကုသကွက်စိပ် အပြောက် အမွမ်းကို လေ့လာတင်ပြထားသော စာတမ်း ဖြစ်ပါသည်။ တိမ်မြုပ်ပျောက် ကွယ်လု ဖြစ်နေသော ကွက်စိပ်စာပေကို လေ့လာလျှင် ဖြစ်နိုင်မည့်လေ့လာ နည်းတစ်ခုကို ဖော်ထုတ်တင်ပြရန် ရည်ရွယ်ချက်ဖြင့် ဤစာတမ်းကို ပြုစုပါ သည်။ ဆရာဇော်ဂျီက ပျို့ကဗျာကို အပြောက်အမွှမ်းသဘောဖြင့် လေ့လာပြီး၊ ပျို့စာဆို၏ စွမ်းရည်ကို ဖော်ထုတ်ပြခဲ့ပါသည်။ ဆရာဇော်ဂျီ၏ အပြောက် အမွမ်းနည်းဖြင့် ကွက်စိပ်စာပေကို လေ့လာပြီး ကွပ်စိပ်စာဆိုတို့၏ စွမ်းရည်ကို လေ့လာအကဲဖြတ်နိုင်စေရန် ဤစာတမ်းက အထောက်အကူ ပြုနိုင်လိမ့်မည်ဟု ဆိုချင်ပါသည်။
Collections
Download
Year
- 2018
Author
-
Aung Min Naing
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)