ခင်ခင်ထူး၏ လှည်းယဉ်ကြော့ဝတ္တုတိုများမှ ဘဝသရုပ်ဖော်
Abstract
- ဤစာတမ်းသည် ခင်ခင်ထူး၏ လှည်းယဉ်ကြော့ဝတ္ထုတိုများမှ ဘဝ သရုပ်ဖော်ဝတ္ထုတိုများကို လေ့လာတင်ပြထားသော စာတမ်းတစ်စောင် ဖြစ်ပါသည်။ ခင်ခင်ထူး၏လှည်းယဉ်ကြော့ဝတ္တုတိုများထဲမှ ဝတ္ထု(၃)ပုဒ် ကို ရွေးချယ်၍ ဝတ္ထုတိုသဘောတရားများနှင့် ချိန်ထိုးကာ လေ့လာ တင်ပြသွားပါမည်။ စာရေးသူ၏ ဝတ္ထုတိုများသည် မိမိကြုံတွေ့ရသော အဖြစ်အပျက်များကို ခံစားမှုနှင့် ပေါင်းစပ်ကာ ဘဝသရုပ်ကို ပီပီ ပြင်ပြင် ဖော်ပြထားသည်။ ထို့ကြောင့် ခင်ခင်ထူး၏ ဝတ္ထုတိုများသည် စာဖတ်သူများကို ရသခံစားမှုမှတစ်ဆင့် ဘဝအသိအမြင်ကို ပေးစွမ်းနိုင် သည်ဟု ထင်မြင်ယူဆမိပါသည်။
Collections
Download
Year
- 2018
Author
-
Pa Pa Win
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)