နိမိတ်ပုံစကားပြောသော တင်မိုးနှင့်တဂိုး*
Abstract
- စာဆိုနှင့်စာရေးသူတို့၏ နိမိတ်ပုံဖန်တီးမှုသည် ရသစာပေ၏ရသကိုအထိရောက်ဆုံး ဖော်ဆောင်နိုင် သည်။ ရသစာပေတွင်ပါသော နိမိတ်ပုံသဘောတရားကို လေ့လာရာမှတစ်ဆင့် မြန်မာစာဆိုတော် ကြီး တင်မိုးနှင့်အိန္ဒိယ စာဆိုတော်ကြီးတဂိုးတို့၏တူညီသော စိတ်ကူးမှပေါက်ဖွားလာသည့် နိမိတ်ပုံများကို သတိပြုမိလာသည်။ နိုင်ငံနှင့်လူမျိုး မတူရုံသာမက ပြောဆိုသောဘာသာစကားနှင့် ကိုးကွယ်သော ဘာသာတရားတို့ ကွဲပြားသော်လည်း စာဆိုနှစ်ဦးသည် မိမိကျင်လည်ရာ ရေမြေတောတောင် ပတ်ဝန်းကျင်သဘာဝနှင့် မိမိအကျွမ်းဝင်ရာလူ့သဘာဝတို့ကို ကောင်းစွာနားလည်ပြီး ချစ်မြတ်နိုး တတ်သောစိတ်တို့သည် တူညီကြသည်။ ထိုစိတ်စေတနာ အရင်းခံဖြင့်ဖန်တီးလိုက်သောနိမိတ်ပုံတို့ သည် ရသစာပေ၏အလှကို ကောင်းစွာဖော်ထုတ်နိုင်ကြောင်း စိစစ်တင်ပြထားသည်။
Collections
Download
Year
- 2021
Author
-
Chaw Su Mar Win
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)