သိပ္ပံမောင်ဝနှင့်စာပေဝေဖန်ရေး
Abstract
- ဤစာတမ်းသည် သိပ္ပံမောင်ဝ၏ စာပေဘဝနှင့် သူ၏မြန်မာစာပေ ဝေဖန်ရေးအမြင် များကို လေ့လာတင်ပြထားသော စာတမ်း ဖြစ်ပါသည်။ သိပ္ပံမောင်ဝသည် သူ့ခေတ်သူ့အခါက မြန်မာစာပေကို ချစ်မြတ်နိုးသူ၊ တိုးတက်သော စာပေ အမြင်ရှိသူ၊ မြန်မာစာပေ တိုးတက်ခိုင်မာရေးအတွက် စေတနာထား၍ ကြိုးပမ်း ခဲ့သူ၊ စာပေတာဝန်ကျေခဲ့သူ တစ်ဦးဖြစ်ကြောင်း သူ့စာများက ဖော်ပြနေ ပါသည်။ ဤစာတမ်းတွင် ကလောင်အမည် အမျိုးမျိုးဖြင့် ရေးသားခဲ့သော စာပေရေးရာဆောင်းပါးများမှ သူ၏စာပေဝေဖန်ရေးအမြင်ကို သိပ္ပံမောင်ဝနှင့် စာပေဝေဖန်ရေး ဟူသော ခေါင်းစဉ်ဖြင့် လေ့လာတင်ပြထားပါသည်။ လေ့လာ တင်ပြရာတွင် စာပေနှင့်စာပေဝေဖန်ရေး၊ သိပ္ပံမောင်ဝနှင့်မြန်မာစာပေ၊ သိပ္ပံမောင်ဝ နှင့်စာပေဝေဖန်ရေး ဟူ၍ အခန်း(၃)ခန်းခွဲကာ လေ့လာတင်ပြထားပါသည်။ ဤစာတမ်းကို လေ့လာခြင်းအားဖြင့် မြန်မာစာပေ တိုးတက်ခိုင်မာရေးအတွက် ဆောင်ရွက်လိုသောစိတ်၊ မြန်မာစာပေ ခေတ်မီပြန့်ပွားစေရန်အတွက် အသစ်ထွင် လိုသောစိတ်၊ စာပေ့တာဝန် ကျေပွန်သောသူတစ်ယောက် ဖြစ်လိုသောစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါသည်။
Collections
Download
Year
- 2019
Author
-
Thuzar Aye
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)