မန္တလေးခေတ်ပုံရိပ်များ ထင်ဟပ်နေသော မန္တလေးမြို့ဘွဲ့ လွမ်းချင်းကဗျာ (၂)ပုဒ် လေ့လာချက်
Abstract
- ဤစာတမ်းသည် မန္တလေးမြို့ဘွဲ့လွမ်းချင်းကဗျာနှင့် မန္တလေးမြို့ ကုသိုလ်တော် လွမ်းချင်းကဗျာမှ မန္တလေးခေတ်ပုံရိပ်အဖွဲ့များကို လေ့လာတင်ပြထားသော စာတမ်း ဖြစ်ပါသည်။ မြန်မာသီချင်းကဗျာများမှ မန္တလေးခေတ် လွမ်းချင်းကဗျာ များကို လေ့လာတင်ပြထားပါသည်။ စာတမ်းလေ့လာရခြင်း၏ ရည်ရွယ်ချက်မှာ မန္တလေးမြို့ဘွဲ့ လွမ်းချင်းကဗျာများမှ ဘုရားစေတီဆိုင်ရာ ပုံရိပ်များ၊ သာသနိက အဆောက်အဦးဆိုင်ရာ ပုံရိပ်များ၊ ကန်ချောင်းနှင့် ခရီးသွားလာရေးဆိုင်ရာ ပုံရိပ်များ၊ ယဉ်ကျေးမှုဓလေ့ဆိုင်ရာ ပုံရိပ်များ၊ မောင်မယ်တို့၏ ချစ်ခြင်းမေတ္တာ ဆိုင်ရာ ပုံရိပ်များကို ခံစားစေလိုခြင်း ဖြစ်ပါသည်။ ဤစာတမ်းတွင် မန္တလေးခေတ်၏ သာသနာထွန်းလင်းတောက်ပပုံ၊ သွားလာပြုမူနေထိုင်ကြပုံတို့ကို တွေ့ရှိစေနိုင် ပါသည်။ မန္တလေးခေတ် ကဗျာလေ့လာသူနှင့် အတိတ်မန္တလေးအကြောင်း လေ့လာသူတို့အတွက် အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။
Collections
Download
Year
- 2019
Author
-
Khin Sandar Toe
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)